allsnsrank
회원가입

ဘန်ကောက် ရေကြီးမှု ဘေးအန္တရာယ်အဆင့်ရောက်၊ မြန်မာဘက် မိုးကြီးနိုင်မည့်အခြေအနေ NUG သတိပေး - DVB News

DVB TV News
구독자 377만명
조회수 64,522회 · 좋아요 823 · 참여율 1.28% · 2026-09-27 📊 채널 정보 보기 ▶ 유튜브

지금 보고 있는 영상

ဘန်ကောက် ရေကြီးမှု ဘေးအန္တရာယ်အဆင့်ရောက်၊ မြန်မာဘက် မိုးကြီးနိုင်မည့်အခြေအနေ NUG သတိပေး - DVB News
조회수 64,522
영상 설명 · 눌러서 펼치기
ဘန်ကောက် ရေကြီးမှု ဘေးအန္တရာယ်အဆင့်ရောက်၊ မြန်မာဘက် ရွေ့လျားမိုးကြီးနိုင်မည့်အခြေအနေ NUG သတိပေး

ထိုင်းနိုင်ငံရဲ့ မြို့တော်ကို ဘေးအန္တရာယ်ကျရောက်နေတဲ့ ဒေသအဖြစ် မြို့တော်ဘန်ကောက်ရဲ့ မြို့တော်ဝန်က ကြေညာခဲ့ပါတယ်။ ဘန်ကောက်မြို့မှာ ၂၄ နာရီကျော်ကြာ မိုးဆက်တိုက်ရွာခဲ့ပြီး တချို့ နေရာတွေမှာ မိုးရေချိန် ၅.၉ လက်မကျော်ခဲ့တယ်လို့ မိုးလေဝသဌာနက ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း မြန်မာနိုင်ငံဘက်ကို ရွေ့လျားကာ အားလျော့ပျက်ပြယ် သွားနိုင်ကြောင်း ခန့်မှန်းရကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG က မိုးလေဝသ သတိပေးချက် ထုတ်ပြန်ထားပါတယ်.

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် စက်တင်ဘာလ ၂၇ ရက်ကနေ ၂၉ ရက်နေ့အတွင်း တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ မကွေး တိုင်းတို့တွင် မိုးသက်လေပြင်းများကျရောက်နိုင်ပြီး နောက်ဆက်တွဲ ရေကြီးခြင်း၊ တောင်ကျချောင်းရေလျှံခြင်း၊ လျှပ်တပြက်ရေလွှမ်းမိုးခြင်းနဲ့ မြေပြိုခြင်းများ ဖြစ်ပေါ် နိုင်ကြောင်းလည်း သတိပေးထားပါတယ်။

#dvbtvnews #flooding #weather #heavyrain #bangkok #thailand #myanmar #newsupdate

📣 Support DVB - https://burmese.dvb.no/membership
📣 Subscribe - https://youtube.com/dvbtvnews
📣 Follow - https://t.me/dvbtvnews

✅ DVB Burmese - https://www.dvb.no
✅ DVB English - https://english.dvb.no

🚨 About DVB
The DVB (Democratic Voice of Burma) is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation is registered in Oslo, Norway since 1992.