နီပေါ-တိဘက် နယ်စပ်ရေဘေး ၉၈ ဦးသေဆုံး၊ ရာချီပျောက်ဆုံး - Breaking News
지금 보고 있는 영상
နီပေါ-တိဘက် နယ်စပ်ရေဘေး ၉၈ ဦးသေဆုံး၊ ရာချီပျောက်ဆုံး - Breaking News
조회수 6,018
영상 설명 · 눌러서 펼치기
နီပေါ-တိဘက် နယ်စပ်ရေဘေး ၉၈ ဦးသေဆုံး၊ ရာချီပျောက်ဆုံး
#BreakingNews
ဩဂုတ် ၂၆ ရက်က နီပေါနဲ့ တရုတ်နိုင်ငံ တိဘက်ဒေသ နယ်စပ်မှာ ရုတ်တရက် ရေကြီးခဲ့လို့ အနည်းဆုံး ၉၈ ဦးသေဆုံးပြီး ခရီးသွားတွေ အပါအဝင် လူရာချီ ပျောက်ဆုံးနေပါတယ်။
နီပေါဘက်မှာ ၉၅ ဦးသေဆုံးခဲ့ပြီး တရုတ်အစိုးရမီဒီယာကတော့ တိဘက်ဘက်မှာ ၃ ဦးသေ၊ ၂၆၅ ဦးပျောက်ဆုံးတယ်လို့ ဆိုပါတယ်။ နီပေါဘက်က ပျောက်ဆုံးသူတွေထဲ အိန္ဒိယ၊ အမေရိကန်နဲ့ ဗြိတိန်အပါအဝင် နိုင်ငံတွေက ခရီးသွားရာနဲ့ချီ ပါဝင်ပါတယ်။
ရွှံ့နွံ၊ ကျောက်တုံးနဲ့ ရေထုကြီးက ရွာတွေ၊ အိမ်တွေ၊ လမ်းတွေ၊ တံတားတွေနဲ့ လျှပ်စစ်စီမံကိန်းတွေကို တိုက်စားသွားပါတယ်။ ရာဆူဝါခရိုင်က ဆယပ်ပရုဘေစီနဲ့ တီမူရေးဒေသတွေမှာ ရေစီးကြမ်းနေသေးလို့ ကယ်ဆယ်ရေးရဟတ်ယာဉ်တွေ ဆင်းသက်မရသေးပါဘူး။ “ကြည့်လိုက်တဲ့နေရာတိုင်း ပျက်စီးနေပါတယ်” လို့ ဒေသခံကျန်းမာရေးဝန်ထမ်းတစ်ဦးက Reuters ကို ပြောပါတယ်။
ရေခဲထုနဲ့ ကျောက်ဆောင်တွေ ပြိုကျပြီး လန်းဒီခိုလာမြစ်ကို ပိတ်ဆို့ရာက ရေဘေးဖြစ်လာတာလို့ ပညာရှင်တွေ ယူဆထားပါတယ်။ မပြိုကျခင် မိနစ်ပိုင်းအလိုမှာ ပြင်းအား ၄ ဒသမ ၄ အဆင့် ငလျင်လှုပ်ခဲ့ပေမယ့် ဆက်စပ်မှုကို အတည်မပြုရသေးပါဘူး။ နီပေါနဲ့ တရုတ်တို့က ကယ်ဆယ်ရေးအဖွဲ့တွေ ဖြန့်ကြက်ထားပြီး နောက်ထပ်ရေဘေးဖြစ်နိုင်တာကြောင့် မြေနိမ့်ဒေသနေသူတွေကို ဘေးလွတ်ရာရွှေ့ဖို့ သတိပေးထားပါတယ်။
#breakingnews #flooding #nepal #tibet #chibna #mudslide #moment #worldnews #dvbtvnews
DVB TV -

DVB TV News 다른 영상
PVTV - တစ်ပတ်အတွင်း သတင်းဒိုင်ဂျက် (30 August 2026)
조회수 242
PVTV - တစ်ပတ်အတွင်း စစ်သတင်း (28 August 2026)
조회수 320
DVB Digital မနက် ၇ နာရီ သတင်း (၃၁ ရက် သြဂုတ်လ ၂၀၂၆)
စင်ကာပူအပါအဝင် ပြည်ပနိုင်ငံအချို့မှာ PV ပတ်စ်ပို့ သက်တမ်းတိုးမှု တင်းကျပ်- DVB News
조회수 11,215
တရုတ် မျှစ်ခြောက် ထုတ်လုပ်မှုတွေကြောင့် သဘာဝ ဝါးတောတွေ ပြုန်းတီးနေ- DVB News
조회수 4,909
DVB TV နေ့စဉ်သတင်း အနှစ်ချုပ် - Daily News Briefing (30.08.2026)
조회수 25,833
ရုရှက EU ကို ဆက်ဆံရေး ကောင်းမွန်လာမယ့် အလားအလာ မရှိဘူးလို့ပြော🌏 နိုင်ငံတကာ သတင်းများ- DVB News
조회수 15,467
မြန်မာနိုင်ငံ တောင်ပိုင်းမှာ လူငယ် ၁ သောင်းကျော် အဓမ္မ စစ်သားစုဆောင်း ခံထားရ- DVB News
조회수 9,974