allsnsrank
회원가입

လေပေါ်ပျံမောင်းနိုင်သည့် Tesla Roadster ကား မိတ်ဆက်

DVB TV News
구독자 376만명
조회수 10,224회 · 좋아요 521 · 참여율 5.10% · 2026-10-16 📊 채널 정보 보기 ▶ 유튜브

지금 보고 있는 영상

လေပေါ်ပျံမောင်းနိုင်သည့် Tesla Roadster ကား မိတ်ဆက်
조회수 10,224
영상 설명 · 눌러서 펼치기
Tesla ကုမ္ပဏီက လေပေါ်ခဏပျံနိုင်ပြီး ဇောက်ထိုးမောင်းနှင်နိုင်တဲ့ Roadster လျှပ်စစ်ပြိုင်ကားသစ်ကို အောက်တိုဘာ ၁၅ ရက်မှာ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ လက်တွေ့ပြသခဲ့ပါတယ်။

ဝေကိုမြို့အနီး မက်ဂရီဂေါ်မှာရှိတဲ့ SpaceX စမ်းသပ်ရေးစခန်းမှာ ပြုလုပ်ခဲ့တဲ့ မိတ်ဆက်ပွဲမှာ ဒီကားဟာ မြင့်မားတဲ့ လမ်းစောင်းကြီးပေါ်ကို တက်မောင်းပြီး ဇောက်ထိုးအနေအထားနဲ့ မောင်းနှင်ပြခဲ့တာပါ။ အဲဒီနောက် လေထဲမှာ လှည့်ပတ်ပြီး မြေပြင်ပေါ်ကို ပြန်လည်ဆင်းသက်ခဲ့သလို Tesla ကားငါးစီးကိုလည်း လေပေါ်ကနေ ခုန်ကျော်ပြခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့ SpaceX က တီထွင်ထားတဲ့ လေစုပ်ပန်ကာစနစ်နဲ့ ဖိအားမြင့်လေသုံး တွန်းကန်စနစ်တွေကို အသုံးပြုထားတာ ဖြစ်ပါတယ်။

Tesla ရဲ့ အဆိုအရ Roadster ကားသစ်ဟာ သုညကနေ တစ်နာရီ ၉၇ ကီလိုမီတာအမြန်နှုန်းကို ၀ ဒသမ ၈၁ စက္ကန့်အတွင်း ရောက်ရှိခဲ့ပါတယ်။ Tesla စီအီးအို အီလွန်မတ်စ်က “ဒီကားဟာ အခြေခံအားဖြင့် ဒုံးပျံလို ပျံသန်းနိုင်ပြီး လေထဲမှာ လှည့်ပတ်တာတွေ၊ အံ့မခန်းလှုပ်ရှားမှုတွေ လုပ်နိုင်ပါတယ်” လို့ ပြောပါတယ်။

ဒါပေမဲ့ ဒီပြသမှုမှာ ယာဉ်မောင်းမပါဘဲ စမ်းသပ်ခဲ့တာဖြစ်ပြီး ကားက လေထဲမှာ ခဏသာ ပျံသန်းခဲ့တာပါ။ ကျွမ်းကျင်သူတွေကတော့ ဒီနည်းပညာနဲ့ ကားတစ်စီးကို ခရီးဝေးပျံသန်းနိုင်အောင် ပြုလုပ်ဖို့ နည်းပညာနဲ့ လုံခြုံရေးဆိုင်ရာ အခက်အခဲတွေ ရှိနေသေးတယ်လို့ သတိပေးပါတယ်။ Roadster ကားသစ်ကို ၂၀၂၈ ခုနှစ်မှာ စတင်ထုတ်လုပ်မယ်လို့ မတ်စ်က ပြောထားပေမဲ့ အရင်ကလည်း ထုတ်လုပ်မယ့် အချိန်ဇယားတွေကို အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ဖူးပါတယ်။

#dvbtvnews #tesla #roadster #EV #elonmusk #Mynamar #newsupdate

DVB TV -

DVB TV News 다른 영상

DVB Digital မနက် ၁၁ နာရီ သတင်း (၀၁ ရက် နိုဝင်ဘာလ ၂၀၂၆)
ကမ္ဘာ့နိုင်ငံကြီးတွေမှာ ရိက္ခာစုဆောင်းဖို့ ဘာကြောင့်နှိုးဆော်နေသလဲ❓ - DVB News
조회수 6,401
PVTV - NUG အမျိုးသားညီညွတ်ရေးအစိုးရ နေ့စဥ်သတင်း (31 October 2026)
조회수 1,119
ဝေဖန်မှုတွေကြားက မန်ယူကစားသမားဟောင်း ၄ ယောက် မြန်မာနိုင်ငံကို ရောက်ရှိ - DVB News
조회수 1,150
နိုင်ငံတကာနိုင်ငံရေးအကျဉ်းသားများနေ့ ဝါရှင်တန်ဒီစီမှာ ပြုလုပ် - DVB News
조회수 2,430
မိုးကောင်းမြို့နယ်တွင်းက ရွာတွေကို စစ်တပ်နဲ့ SNA က ရွာပြင်ထွက်ခွင့်ပိတ်ထား - DVB News
조회수 4,532
မြဝတီမင်းကြီး စာသင်တိုက် ပဓာန နာယကဆရာတော် ပျံတော်မူခြင်း ၄ နှစ်မြောက် ပြုလုပ် - DVB News
조회수 1,678
DVB TV နေ့စဉ်သတင်း အနှစ်ချုပ် - Daily News Briefing (31.10.2026)
조회수 19,268